Frances ဆိုတဲ့ ပန်းချီဆရာမလေးတစ်ဦးဟာ သူ့ကိုယ်သူ ပျောက်ဆုံးပြီး အသည်းတွေကွဲ၊ အစ်မက အိမ်ထောင်ပြု၊ မိဘတွေက ကွာရှင်းလုစဲစဲ အခြေနေတွေကြောင့် အရာရာရှုပ်ယှက်ခက်နေချိန် အလုပ်လည်းလုပ်ရင်း၊ စိတ်ပြေလက်ပျောက် ပန်းချီလည်းရေးရင်း နော်ဝေးဘက်ကို ထွက်လာခဲ့ပါတယ်။Frances ဟာ ဇာတ်ကားရဲ့အမည်အတိုင်း နော်ဝေးရဲ့နေရောင်လွှမ်းတဲ့ညတွေအောက် ဖြတ်သန်းရင်းသူ့ကိုယ်သူပြန်ရှာတွေ့နိုင်မလား၊ သူနော်ဝေးကို ထွက်လာခဲ့တာဟာ သူ့ဘဝထဲက ထွက်ပြေးခဲ့တာလား၊ ဘဝထဲကို ပြေးဝင်ခဲ့တာလား ဆိုတာတွေကို ဇာတ်ကားထဲမှာဖြည်းဖြည်းအေးအေးလေးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ခံစားကြည့်ရှုလိုက်ကြပါဦးနော်။