The Grand Seduction HD

The Grand Seduction

Comedy HD 2014-05-30 6.661 112 Min

အစိုးရက ငါးဖမ်းခွင့်မပြုတော့လို့ အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ တစ်ကယ်ဟတ်ရွာသားတွေဟာ လဝက်စာပဲကာမိတဲ့လူမှုဖူလုံရေးရန်ပုံငွေလေးနဲ့ အသက်ဆက်နေကြရပါတယ်။ သူတို့ရွာလေးဟာ ဝေးလံခေါင်ဖျားပြီး မတိုးတက်လို့ဆရာဝန်တစ်ယောက်တောင် မရှိပါဘူး။သူတို့ရွာမှာ အလုပ်ကိုင်တွေပြန်အဆင်ပြေဖို့ဆိုရင် စွန့်ပစ်လောင်စာစက်ရုံလာဖွင့်မှပဲ ရမှာပါ။ စက်ရုံဘက်ကလည်း ကျန်းမာရေးအာမခံချက်ရှိတဲ့နေရာမှာ ဖွင့်ဖို့လိုတာကြောင့် ရွာမှာ ဆရာဝန်ရှိမှ စက်ရုံဖွင့်လို့ရမယ်လို့ဆိုပါတယ်။ဒါကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး မာရေးက ဦးဆောင်ပြီး သူတို့ရွာမှာ တစ်လတာဝန်ကျတဲ့ ဆရာဝန် ပေါလ်ကို ဆက်နေချင်လာအောင်နည်းလမ်းပေါင်းစုံနဲ့ ဆွဲဆောင်ပါတော့တယ်။ ဒါပေမဲ့ တစ်ရွာလုံးရဲ့ လိမ်ဆင်တွေက ဘူးပေါ်သလို ပေါ်သွားမလား၊ ဆရာဝန်ပေါလ်ကရော ရွာမှာဆက်နေချင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။