All About Me HD

All About Me

Comedy Drama HD 2018-12-25 7.437 100 Min

ဒီဇာတ်လမ်းလေးကတော့ ဂျာမန်ဟာသသရုပ်ဆောင် ဟန်ပီတာရဲ့ ငယ်ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဟန်ပီတာဟာ ငယ်စဉ်ဘဝကတည်းက ပြည့်စုံတဲ့မိသားစုမှာ ကြီးပျင်းခဲ့ရသူဖြစ်ပါတယ်။သူဟာ လူမှန်းသိတတ်စအရွယ်ကတည်းကတီဗီမှာပါရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။သူ့မိသားစုမှာဆိုရင် သူ့အဖေက အိမ်မှာမနေရဘဲ အမြဲတမ်းခရီးသွားပြီး အလုပ်လုပ်နေရပေမဲ့သူ့အမေရယ် အဘိုးအဘွားတွေရယ်နဲ့ပျော်ပျော်ရွှင်ရွှင်နေခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လောကြီးရဲ့သဘောသဘာဝအတိုင်း အမြဲတမ်း ပျော်ရွှင်နေရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ငွေကြေးပိုင်းဆိုင်ရာအရ မပူမပန် နေထိုင်နိုင်ကြပေမဲ့ငွေကြေးနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ပြဿနာတွေနဲ့ ဝမ်းနည်းစရာဆုံးရှုံးမှုတွေကို ဟန်ပီတာတို့မိသားစုတွေ ကြုံတွေ့လာရပါတော့တယ်…ဒီပြဿာနာတွေကြောင့် ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်နေရတဲ့ မိသားစုဝင်တွေကိုရယ်မောပျော်ရွှင်စေဖို့အတွက် ဟန်ပီတာက ကြိုးစားပြီးတော့ ဖျော်ဖြေပေးပါတော့တယ်..ဒါကြောင့် လောကကြီးရဲ့ ရှောင်လွှဲလို့မရနိုင်တဲ့ဝမ်းနည်းစရာကိစ္စတွေကို မေ့ပစ်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ဟန်ပီတာတစ်ယောက် ဘယ်လိုဖျော်ဖြေသွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်…ငွေကြေးချမ်းသာနေရင်တောင်အခက်အခဲအားလုံးကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ဝမ်းနည်းစရာကိစ္စတွေဆိုတာကြုံလာရတတ်စမြဲပဲမို့ ပျော်ရွှင်စရာအခိုက်အတန့်တွေကို အပြည့်အဝခံစားသင့်တယ်ဆိုတာကိုသတိထားမိစေမဲ့ဇာတ်လမ်းကောင်းလေးဖြစ်တာမို့လို့ တင်ဆက်ပေးလိုက်ရပါတယ်။