ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Ji Hyeong-do (So Ji-sub) ဟာသာမန်ရုံးဝန်ထမ်းတစ်ယောက်အဖြစ် အသွင်ယူထားပြီး ကြေးစားလူသတ်သမားကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပါတယ်။သူဟာ အလုပ်ကို အလွန်ကျွမ်းကျင်ပြီးတော့ သွေးအေးအေးနဲ့ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်တတ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာသူ့ရဲ့ငယ်ရွယ်တဲ့လုပ်ဖော်ကိုင်ဖက် Hun (Kim Dong-jun) ကို သတ်ဖို့ တာဝန်ပေးအပ်ခြင်း ခံခဲ့ရတဲ့ အချိန်မှာတော့ သူ့ရဲ့ဘဝဟာ စတင်ပြောင်းလဲလာခဲ့ပါတယ်။Hun နောက်ဆုံးဆန္ဒအတိုင်းHun စုထားတဲ့ ပိုက်ဆံတွေ တစ်ဆင့်ပေးဖို့အတွက် Hun ရဲ့ မိသားစုကို သွားရောက်တွေ့ဆုံရာကနေ Hunရဲ့ မိခင်ဖြစ်သူ Yu Mi-yeon (Lee Mi-yeon) နဲ့ ချစ်ကြိုက်မိသွားပါတယ်။ဒီလိုနဲ့အေးစက်နေတဲ့ Hyeong-do ရဲ့ နှလုံးသားထဲမှာ လူသားဆန်တဲ့ ခံစားချက်တွေ ပေါ်ပေါက်လာပြီးသူ့ရဲ့ အလုပ်အပေါ်မှာ သံသယတွေ ဝင်လာခဲ့ပါတော့တယ် နောက်ဆုံးမှာတော့ အမြင်မှန်ရသွားပြီးတော့ လမ်းမှန်ကို ပြန်လျှောက်သွားမလား။ကြေးစားလူသတ်သမားအလုပ်ကိုပဲ တစ်သက်လုံးဆက်လုပ်သွားမလားဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။