Ghost Train HD

Ghost Train

Horror HD 2025-07-09 7.3 95 Min

ဂင်ဒါဂယောင်း (Joo Hyun-Young) ကတော့ သည်းထိတ်ရင်ဖို Youtuber တစ်ဦးဖြစ်ပြီး အရင်ကကြည့်ရှုသူ သိန်းချီရှိခဲ့ပေမဲ့လည်း သူ့ရဲ့ ဗီဒီယိုတွေက တစ်စထက်တစ်စပျင်းစရာကောင်းလာတော့လက်ရှိမှာ ကြည့်ရှုသူ ၁၀၀ တောင် မပြည့်တော့တဲ့ အခြေအနေပါ… ဒါကြောင့် ဒါဂယောင်းလည်းလူအများရဲ့စိတ်ဝင်စားမှုကို အရယူဖို့အတွက် တစ်နိုင်ငံလုံးအနှံ့မှာလူပျောက်မှုတွေ အများဆုံးဖြစ်နေတဲ့ဂွမ်းလင်းဘူတာအကြောင်းကို စုံစမ်းပြီး ဗီဒီယိုရိုက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီအတွက် ဒါဂယောင်းက ဂွမ်းလင်းဘူတာက ရုံပိုင်ကြီး (Jeon BaeSoo) ဆီ သွားတွေ့ပြီး ဂွမ်းလင်းဘူတာကထူးဆန်းထွေလာ အဖြစ်အပျက်တွေအကြောင်း မေးမြန်းကြည့်တော့တာပေါ့…အဲဒီနောက် သူ့ရဲ့ ဂွမ်းလင်းဘူတာက သရဲပုံပြင်တွေဟာ Youtube မှာview တွေ စံချိန်ချိုးသွားပါတော့တယ်။ဒါပေမဲ့လည်း ဒါဂယောင်းတစ်ယောက် လောဘအတောမသတ်နိုင်သေးဘဲ ဆက်လက်စုံစမ်းရင်းဂွမ်းလင်းဘူတာနဲ့ပတ်သက်တဲ့ ထိတ်လန့်ဖွယ်လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားတဲ့အခါမှာတော့…သရဲကားချစ်သူများအတွက် စိတ်ကျေနပ်မှု အပြည့်ပေးမဲ့ တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးမို့လို့မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။