တစ်ခြားဒရမ်မာဇာတ်ကားတွေနဲ့မတူညီဘဲ ဒီဇာတ်လမ်းမှာမြင်တွေ့ရမှာကတော့ အောင်မြင်မှုတွေက ရလာတဲ့စိတ်ဖိစီးမှုတွေ၊လူအများရဲ့အမြင်၊ အနုပညာနဲ့ပုဂ္ဂိုလ်ရေးကြားက အခက်အခဲတွေ၊ ပြောင်းလဲဖို့လိုအပ်တဲ့အချိန်မှာခံစားရတဲ့ စိုးရိမ်မှုတွေ မျှော်လင့်ချက်တွေအကြောင်းကို ဒီဇာတ်လမ်းမှာ အနုပညာဆန်ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ရုပ်ရှင်မင်းသား ဒေးဗစ်ရဲ့ဘဝနဲ့အနုပညာလမ်းကြောင်းမှာကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ဒေးဗစ်က အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်တာနဲ့အညီလူအများရဲ့အားပေးမှုကိုလည်းရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့အောင်မြင်မှုတွေ ကျဆင်းလာပြီး သူက သူ့သရုပ်ဆောင်မှုကိုတိုးတက်စေဖို့အတွက်သူ့ကိုသင်ကြားပေးနိုင်မဲ့ ပညာရှင်တစ်ဦးကို ဌားခဲ့ပါတယ် ။ပညာရှင်ဆီက အနုပညာတွေသင်ယူပြီးနောက်မှာ ဒေးဗစ်ဘဝ အပြောင်းအလဲတွေနဲ့ကြုံတွေ့ရပါတော့တယ်ပညာရှင်တစ်ယောက်ဌားပြီးနောက် ဒေးဗစ်ရဲ့သရုပ်ဆောင်စွမ်းရည်တွေ တိုးတက်ပြီး အောင်မြင်မှုတွေ ပြန်ရလာမလား….ဒေးဗစ်ရဲ့အနုပညာလမ်းကြောင်း ဖြောင့်ဖြူးပါ့မလားဆိုတာဒီဇာတ်လမ်းမှာ ကြည့်ရှုပေးပါဦး