အလုပ်မဲ့တစ်ခုလပ် မုဆိုးဖိုအဖေတစ်ယောက်ဖြစ်တဲ့ ဒန်းနစ် နက်ရှ်ဟာ အကြွေးနွံ့နစ်ပြီးသူ့အိမ်ကိုလည်း ဘဏ်ကသိမ်းသွားတဲ့အပြင် အိမ်ကနေလည်း နှင်ထုတ်ခံရခဲ့ပါတယ်။ဒန်းနစ်ဟာ မိခင်နဲ့ သားအတွက် သူ့အိမ်ကို ပြန်လည်ရယူဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရာမှာတော့ အမှတ်မထင်အိမ်ခြံမြေအလုပ်က သူဌေးနဲ့ဆုံမိကာ နောက်ဆုံးမှာတော့…. သူကိုယ်တိုင် အိမ်နေရာဖယ်ခိုင်းတဲ့နေရာမှာသူကိုယ်တိုင်တာဝန်ခံတစ်ယောက်ဖြစ်လာတဲ့အခါ……သူကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုတစ်ပါးသူတွေ ခံစားနေရတာကို မြင်တွေ့လာရတဲ့အခါ ဒန်းနစ်တစ်ယောက် ဘယ်လိုခံစားရလဲ…ပြောင်းလဲမှုတွေက ဒန်းနစ်ကို ဘယ်လိုလမ်းကြောင်းတွေပေါ်ကို ရောက်လာခဲ့လဲဆိုတာကိုမြင်တွေ့ရမယ့်အပြင် အခက်အခဲကြုံလာရင် ပြောင်းလဲတတ်တဲ့ လူ့သဘာဝ ခံစားချက်တွေကိုလည်းကြည့်ရှုမြင်တွေ့ရမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ပြည်သူ့အချစ်တော် Spiderman မင်းသား Andrew Garfield က ဇာတ်ကောင်သရုပ်ဖော်ထားပါတယ်။