မြေအောက်ခန်းတစ်ခုမှာ သတိဝင်လာကြပြီးတော့ အချင်းချင်း မသိကြတဲ့အပြင်ဘာကြောင့် ပိတ်လှောင်ခံထားရမှန်းမသိတဲ့ လူ၆ယောက်ကနေ ဇာတ်လမ်း အစပျိုးထားပါတယ်။တကယ်တော့ တစ်ယောက်တစ်မျိုးစီနဲ့ နောက်ခံတွေ မတူကြပေမဲ့ သူတို့ကြားထဲလူသတ်မှုတစ်ခုက ပါဝင်ပတ်သက်နေခဲ့တာပါ။တစ်ယောက်ချင်းစီက အမှုနဲ့ ဘယ်လို ပါဝင် ပတ်သက်နေတာလဲ။ဘယ်သူက သူတို့ကို ပိတ်လှောင်ထားပြီး ရည်ရွယ်ချက်က ဘာလဲဆိုတာကို၆ယောက်လုံး အဖြေရှာရင်း ပိတ်မိနေတဲ့မြေအောက်ခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြရမှာပါ။တရားခံအစစ်က ဘယ်သူလဲဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့စိတ်ဝင်စားစရာကောင်းအောင်ဆွဲခေါ်သွားမှာပဲဖြစ်ပါတယ်။ လျှို့ဝှက်ချက်တွေကို အဖြေရှာရင်း Death Game တစ်ခုဆော့ကစားနေတာကို ကြည့်ရှုရမှာဖြစ်လို့ ဇာတ်လမ်းကြည့်ရင်း အဖြေရှာရတာ ကြိုက်သူတွေအတွက်ဒီကားလေးကို အကြံပြုပေးချင်ပါတယ်။