Jacob ရဲ့ မိသားစုဟာ ဘရွတ်ကလင်က ဆုံးပါးသွားတဲ့ အဖိုးရဲ့အိမ်ကို ပြောင်းရွှေ့လာချိန်၊ဘရွတ်ကလင်မှာ သူတို့ ငှားရမ်းထားတဲ့အပ်ချုပ်ဆိုင်က Antonio ဆိုတဲ့ ကောင်လေးနဲ့သူငယ်ချင်းဖြစ်လာပါတယ်။ သူတို့ဟာ ဝါသနာတွေတူတာကြောင့် ချက်ချင်းဆိုသလို ခွဲမရအောင်ရင်းနှီးသွားကြပြီး အနုပညာရှင်တွေ ဖြစ်လာဖို့ အိပ်မက်တွေ မျှဝေကာ နာမည်ကြီး အနုပညာသင်တန်းကျောင်းတစ်ခုကို အတူတက်ရဖို့ မျှော်လင့်ထားကြပါတယ်။ဒါပေမယ့် သူတို့ရဲ့ပျော်ရွှင်စရာ ခင်မင်ရင်းနှီးမှုနောက်ကွယ်မှာတော့ ဆိုင်ရှင်နဲ့ ဆိုင်ငှားဖြစ်တဲ့မိသားစုနှစ်ခုကြား အငြင်းပွားမှုတွေဟာ သူတို့နှစ်ယောက်ကို ကွဲသွားစေနိုင်လောက်အောင်ဆိုးဝါးလာပါတယ်။ကလေးနှစ်ယောက်ဟာ မခွဲခွါရဖို့ မိဘတွေကိုပါ အသံတတိတ်ဆန္ဒပြရင်းသူငယ်ချင်း ၂ ယောက်ကြား ဖြူစင်မှု၊ အချင်းချင်း သစ္စာရှိမှုနဲ့ ကလေးဘဝကနေ လူကြီးဘဝကိုကူးပြောင်းရချိန် နာကျင်ဖွယ်ကောင်းတဲ့ လက်တွေ့ဘဝ စတာတွေကို ကြည့်ရှုခံစားကြရမှာလည်းဖြစ်ပါတယ်။