ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်းသက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက်အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်..ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကိုတော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီးသုတ်သင်လေ့ရှိတယ်…ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ဓားရေးအထက်မြက်ဆုံးလုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်…..ဓားရေးထက်မြက်တဲ့အပြင်လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့တော်ရုံသက်တော်စောင့်တွေတောင်ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန်နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်..ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်..ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကိုရေဆုံးရေခမ်းလိုက်လံသုတ်သင်ပါတော့တယ်…အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့…