Man of the Year HD

Man of the Year

Comedy Thriller Romance HD 2006-10-09 5.9 115 Min

ဒီ ဇာတ်ကားထဲက တွမ်ဒေါ့ဘ်စ်နေရာမှာ သရုပ်ဆောင်သွားတဲ့သူဟာမင်းသားကြီး Robin Williams ဖြစ်ပြီး သူ့ကို မျက်လုံးထဲမြင်အောင်ပြောရရင် Jumanji (1995) မှာ အဓိကနေရာက ပါဝင်ခဲ့တဲ့မင်းသားပါ။ဒီဇာတ်ကားမှာ Robin Williams ဟာ Jon Stewartနဲ့Bill Maherတို့လို နိုင်ငံရေး သရော်စာ တီဗီရှိုးတစ်ခုရဲ့ လူရွှင်တော်တွမ်ဒေါ့ဘ်စ်Tom Dobbsအဖြစ် သရုပ်ဆောင်ထားပါတယ်။တွမ်ဟာ ပြည်သူတွေရဲ့ နိုင်ငံရေးအပေါ် စိတ်ပျက်မှုတွေကို အခွင့်ကောင်းယူပြီး သူ့ရှိုးမှာသမ္မတရွေးကောက်ပွဲဝင်ဖို့ အကြံပြုခံရချိန်မှာ အစပိုင်းမှာ ဟာသအနေနဲ့သာ တုံ့ပြန်ခဲ့ပေမယ့်အွန်လိုင်းကနေ ထောက်ခံမှု ၄ သန်းရရှိလာတဲ့အခါ တကယ်ပဲ သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူဟာ ပြည်နယ် ၁၃ ခုမှာ မဲဆန္ဒစာရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီး ဒီမိုကရက်တစ်သမ္မတ ကယ်လော့ဂ်နဲ့ရီပတ်ဘလစ်ကင်လွှတ်တော်အမတ် မီးလ်စ်တို့နဲ့အတူ အမျိုးသားအဆင့် စကားစစ်ထိုးပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တယ်။ဒီစကားစစ်ထိုးပွဲမှာ တွမ်ဟာ သူ့ရဲ့ဟာသဉာဏ်နဲ့ ရိုးသားတဲ့ ဝေဖန်မှုတွေကိုအသုံးပြုပြီးပြည်သူတွေရဲ့ အာရုံစိုက်မှုကို ဘယ်လိုတွေဖမ်းစားသွားမလဲဆိုတာ ကြည့်လိုက်ကြပါဦး။