အသစ်ထွက်ထားတဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။အာဂျွန်နဲ့မီရာတို့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးတဲ့ လင်မယားစုံတွဲဖြစ်ပါတယ်။သူတို့မှာ အာဂျွန်မီရာဆိုတဲ့ ယူကျုချန်နယ်တစ်ခုလည်းရှိပြီး အဲဒီချန်နယ်ကိုလည်းအားပေးတဲ့သူ ၅ သန်းကျော်တောင်ရှိပါတယ်။ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အမြဲထုတ်နိုင်တာကြောင့် ဆယ်စုနှစ်ရဲ့ အကောင်းဆုံးစုံတွဲဆုတောင်ရထားတဲ့ သူတို့နှစ်ယောက်၊တစ်နေ့မှာ ရုတ်တရက် သူတို့ရဲ့ ယူကျုချန်နယ်ပျက်သွားပြီး ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေရရှိလာတဲ့အခါမှာတော့…။အောင်မြင်ပြီးသား လူနှစ်ယောက်ရဲ့ အမြဲတမ်း နာမည်ကြီးနေဖို့အရူးတွေလိုကြိုးစားကြပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ…။