Follow the Light HD

Follow the Light

Drama Science Fiction HD 2021-08-11 6.8 104 Min

ဒီတစ်ခေါက်မှာတော့ ဂျပန်ကျေးလက်သဘာဝအလှလေးတွေကို တစ်ဝကြီးကြည့်ရှုခံစားနိုင်မဲ့အာကီရာနဲ့ မာအိတို့ရဲ့ Follow the light ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအစမှာတော့ မိဘတွေကွာရှင်းထားလို့ ဖခင်ဇာတိကို ပြောင်းလာခဲ့တဲ့အာကီရာဟာintrovertဖြစ်တဲ့အလျောက် ကျောင်းအသစ်မှာဖယ်ကျဉ်ခြင်းခံထားရသူပါ။သူပြောင်းလာတဲ့ကျောင်းကလည်း တက်ရောက်တဲ့ကျောင်းသားနည်းပါးလာတာကြောင့်ကျောင်းပိတ်သိမ်းပွဲတောင် ပြင်ဆင်နေရတဲ့ အနေအထားမှာ ရောက်နေပြန်ပါသေးတယ်။တစ်နေ့တော့ သူ့ပုံဆွဲအရည်အချင်းကို တွေ့ရှိသွားတဲ့ အတန်းဖော်ကကျောင်းပိတ်ပွဲမှာနံရံဆေးရေးပန်းချီဆွဲပေးဖို့ အကူအညီတောင်းရင်း သူငယ်ချင်းတွေရလာတဲ့ အာကီရာတစ်ယောက်အကြောင်းရင်းမသိရဘဲ ကျောင်းလုံးဝမတက်တဲ့ မာအိဆိုတဲ့အပယ်ခံကောင်မလေးကို တွေ့ပြီးစိတ်ဝင်စားမိသွားပါတော့တယ်။ ဒီလိုနဲ့ အာကီရာနဲ့မာအိတို့ တဖြည်းဖြည်း ရင်းနှီးသွားရာက ဖြစ်ပေါ်လာတဲ့သူငယ်ချင်းသံယောဇဉ်၊ အပယ်ခံတစ်ယောက်ရဲ့စိတ်အားငယ်မှုတွေနဲ့ မှေးမှိန်လာတဲ့ ကျေးလက်‌ဒေသမှာတကယ်ကြုံတွေ့နေရတဲ့ အမှန်တရားတွေကို နားလည်သိရှိနိုင်မဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ကြည့်ရှုခံစားကြည့်လိုက်ပါဦးနော်။