ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပြီး ဂျက်စီကာ ဆိုတဲ့ ပြန်ပေးဆွဲခံလိုက်ရတဲ့ အင်စတာဂရမ်မော်ဒယ် အကြောင်းကို ရိုက်ကူးပြထားတာပဲ ဖြစ်ပါတယ်။သူ(မ)က ရိုက်ကွင်းအတုတစ်ခုဆီကို မျှားခေါ်ခံရပြီး ပြန်ပေးဆွဲခံလိုက်ရတာပဲ ဖြစ်ပါတယ်။သူ့ကို အဖွဲ့အစည်းတစ်ခုကနေ ဖမ်းဆီးပြီး လိင်ကျွန်အဖြစ် လေလံတင်ရောင်းစားဖို့ ကြံစည်ခံရတာဖြစ်တယ်။အဲ့လိုနဲ့ သူ့ကို တောထဲက အိမ်ထဲမှာ စောင့်ကြည့်တဲ့သူတစ်ဦးနဲ့အတူ ထားထားပြီးအဲ့ကနေ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်ကားလေးကနေတဆင့် မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။