ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တေလဂူစကားပြော ဟာသ-ဒရာမာ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။သမားရိုးကျ ချစ်ကြိုက်ကွဲညားမဟုတ်ဘဲ ကျေးလက်သဘာ၀ကို နောက်ခံထားပြီး အလွဲပေါင်းစုံနဲ့ ရယ်ရယ်မောမော ကြည့်ရှုကြရမှာပါ။ကျေးရွာလေးတစ်ရွာမှာ တစ်ဦးတည်းသောစက်ချုပ်ဆရာနဲ့ ဆံသဆရာတို့ ရှိပါတယ်။စက်ချုပ်ဆရာကလည်း အရပ်ထုံးစံအတိုင်း အင်္ကျီတစ်ခါလာအပ်ထားရင် နေ့ရွှေ့ညရွှေ့နဲ့ တော်တော်နဲ့ပြန်မရတတ်ပါဘူး။တစ်ခါတလေ ပိတ်စတွေမှားပေးတာ ပြန်ရောင်းစားလိုက်တာနဲ့ ပြဿနာပေါင်းကလည်း သောင်းခြောက်ထောင်ပါ။ဆံသဆရာကလည်း ဆိုင်မှာဆံပင်ညှပ်သူတွေ ပုံနေပေမဲ့ သူကအမြဲအပြင်ရောက်နေတတ်ပါတယ်။အများအားဖြင့်ကတော့ စက်ချုပ်ဆရာနဲ့ဆံသဆရာပေါင်းပြီး အရက်သောက်နေကြတာကများပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုပြဿနာတွေရှာကြမလဲ၊ဘယ်လိုအခွီတွေကြည့်ကြရမလဲ၊အလုပ်ကိုအလေးမထားတဲ့ သူတို့နှစ်ဦး ဘာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။