ဒီဇာတ်လမ်းလေးကတော့ မြောက်အမေရိကနိုင်ငံတွေမှာ ပေါပေါများများတွေ့ရတဲ့မူးယစ်ဆေးလုပ်ငန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။ဒါပေမဲ့ တွေမြင်နေကျဇာတ်လမ်းတွေလိုမျိုး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေ အကြောင်းမဟုတ်ဘဲမူးယစ်ဆေးလုပ်ငန်းရဲ့အောက်ဆုံးအဆင့်ဖြစ်တဲ့ ပစ္စည်းပို့သူတစ်ယောက်ကို အခြေခံပြီးရိုက်ကူးထားတယ်ဆိုတာပါပဲ။ ကိုလံဘီယာနိုင်ငံက ဆင်းရဲသားလူငယ်လေးတစ်ယောက်ဟာသာမန်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတာကို ငြီးငွေ့လာပြီးပိုက်ဆံပိုရမဲ့အလုပ်တစ်ခုကို လုပ်ချင်ခဲ့တယ်။ ဒါကြောင့်လည်းအသိတစ်ယောက်နဲ့ချိတ်ဆက်ပြီးမူးယစ်ဆေးပို့ဆောင်ပေးရတဲ့အလုပ်ကို ဝင်လုပ်ခဲ့တယ်။ သူလုပ်ရမှာကတော့ သူတို့မြို့အနားကနေမူးယစ်ဆေးတွေကို လှေနဲ့သယ်ပြီး ဖောက်သည်တွေဆီကိုပြန်ပို့ပေးရတာပါပဲ။သူ့ကို စက်လှေမောင်းသမားအဖြစ်နဲ့ပဲ အလုပ်ခေါ်သွားခဲ့တာမို့လို့ ပိုက်ဆံလွယ်လွယ်ရမဲ့အလုပ်လို့ပဲယူဆပြီး သူကလည်း လိုက်လာခဲ့လိုက်တယ်။ ဒါပေမဲ့တကယ့်လက်တွေ့မှာ မူးယစ်ဆေးဝါးလောကကသူထင်သလိုရော လွယ်ကူနေပါ့မလား…. တကယ်ရော ပိုက်ဆံတွေကို လွယ်လွယ်ရနိုင်မဲ့အလုပ်လား…ဆိုတာကိုတော့ ရှုစားကြည့်လိုက်ပါဦး။