အသစ်ထွက်ရှိလာတဲ့ ထိတ်လန့်သည်းဖို သဘာ၀လွန်ဟင်ဒီရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ရမ်ဆိုတဲ့ စပိုင်ဟောင်းတစ်ယောက် ပန်ခတ်တာရွာဆီကို လုပ်ငန်းကိစ္စနဲ့သွားရင်းလမ်းအဆင်မပြေတဲ့အတွက် တောကြီးမျက်မည်းမှာ ခြေလျင်ခရီးနှင်ရပါတယ်။တစ်နေရာအရောက် မီးလှုံနေတဲ့လူထူးဆန်းတစ်ယောက်ကိုတွေ့လို့ တည်းခိုခန်းမေးတဲ့အချိန်သူ့တဲမှာ တစ်ညနားဖို့ပြောလို့ ရွေးစရာမရှိတဲ့အဆုံး နေလိုက်ရပါတော့တယ်။တရေးနိုးလာချိန်မှာတော့ ဗြိတိသျှတွေအုပ်စိုးတဲ့ခေတ်ကိုရောက်နေပြီး သူ့ကိုအချုပ်ထဲကထုတ်ကြိုးဆွဲချသတ်ဖို့လုပ်နေတာမို့ ဘာမှမသိနားမလည်ဘဲ အသက်ရှင်ဖို့အရေး ကြိုးစားရပါတော့တယ်။