Santa Isn't Real HD

Santa Isn't Real

Horror HD 2023-12-08 6.3 76 Min

ခရစ်စမတ်နဲ့ပတ်သက်လို့ ဇာတ်ကားတော်တော်များများရှိကြပါတယ်။ခရစ်စတ်မိသားစုကား ခရစ်စမတ်အချစ်ကား ခရစ်စမတ်ဟာသကား ခရစ်စမတ်ဟော်ရာကား ဇာတ်လမ်းပေါင်းစုံရိုက်ကြပါတယ်။အခုတင်ဆက်ပေးမှာကတော့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ခရစ်စမတ်ဟော်ရာကားလေးပါ။ခရစ်စမတ်ကားတွေရဲ့ကောင်းတဲ့အချက်ကတော့ စောင်ခြုံကွေးပြီးကြည့်ရတာပါပဲ။ဟော်ရာပဲနေနေ ရိုမန့်ပဲနေနေ ခရစ်စမတ်ဇာတ်လမ်းဆိုတာနဲ့ စောင်ခြုံကွေးပြီးကြည့်တာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ …….နစ်ကီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ခရစ်စမတ်နေ့ည အိမ်မှာတစ်ယောက်တည်း သတ်သေဖို့ကြိုးစားနေခဲ့တာကို ခရစ်စမတ်ဖိုးဖိုးကြီး ဆန်တာကလော့ရောက်လာပြီး လူဆိုးစာရင်းသွင်းသွားပါတယ်။လူဆိုးစာရင်းထဲရောက်သွားရင်တော့ဖိုးဖိုးကြီးလဲသဘောကောင်းပြီးတရားချမှာမဟုတ်ပါဘူး။ဒီဆန်တာကလော့ကတော့ ရှင်းပါတယ် လူဆိုးစာရင်းဝင်ဆိုတာနဲ့ တန်းပြီးသတ်တော့တာပါပဲ။နောက်မှငရဲကိုခေါ်သွားမှာပါ။ ဒါပေမဲ့ ကံကောင်းချင်တော့ နစ်ကီတစ်ယောက်အသက်မသေလိုက်ပဲနဲ့ ဆေးရုံကိုရောက်သွားပါတယ်။ဆေးရုံရောက်ပေမဲ့ ကိုမာဝင်ပြီး တစ်နှစ်နေမှပြန်နိုးလာပါတယ်။ဖြစ်ချင်တော့ သူသတိရလာတဲ့နေ့ကလဲ တိုက်တိုက်ဆိုင်ဆိုင် ခရစ်စမတ်နေ့ကြီးဖြစ်နေပါတယ်။ဒါနဲ့ စိတ်ပြေလက်ပျောက်ဆိုပြီးသူငယ်ချင်းတွေနဲ့အတူ အိမ်မှာခရစ်စမတ်လုပ်ရင်းကနေဆန်တာကလော့ဆိုတဲ့ အဖိုးကြီးက တကယ်လား သူပဲထင်ယောင်ထင်မှားဖြစ်ပြီး မြင်ခဲ့တာလား