The Light HD

The Light

Drama HD 2025-03-20 5.6 162 Min

ဒါရိုက်တာ Tom Tykwer ရိုက်ကူးထားပြီး Lars Eidinger နဲ့ Nicolette Krebitz. တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဒရမ်မာရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်အလယ်အလတ်တန်းစားမိသားစုတစ်စုရဲ့ နေ့စဉ်ဘဝကို ရိုက်ကူးပုံဖော်ထားပြီး ဘဝအရှုပ်အထွေးတွေကြားက မိသားစုပြဿနာ၊ အလုပ်ပြဿနာ၊ အချစ်ရေး၊ စီးပွားရေး စတဲ့ပြဿနာတွေကိုတစ်ခုချင်းစီ ပုံဖော်ရိုက်ကူးထားပါတယ်။ဘာလင်မြို့မှာ နေထိုင်တဲ့ မိသားစုတစ်စုမှာ မိခင်ဖြစ်သူ Milena က အာဖရိကမှာ ယဉ်ကျေးမှုဆိုင်ရာ စီမံကိန်းတစ်ခုကို လုပ်ကိုင်နေပြီး ဖခင် Timက စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ဆယ်ကျော်သက်အရွယ် သားဖြစ်သူနဲ့ သမီးဖြစ်သူတို့မှာလည်း ကိုယ်စီပြဿနာတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။သူတို့အိမ်ကအလုပ်သမားတစ်ဦး ရုတ်တရက်သေဆုံးပြီးနောက်မှာ အသစ်ရောက်လာတဲ့ ဆီးရီးယား ဒုက္ခသည် အိမ်အကူ Farrah ကြောင့် သူတို့ဘဝတွေ ပြောင်းလဲသွားခဲ့ပါတယ်။မိသားစုဝင်တွေရဲ့စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့ Farrah က ကြိုးစားနေရင်း ပိုမိုရှုပ်ထွေးလာတဲ့ အရှုပ်တော်ပုံတွေကို ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး။