လောကမှာ စည်းစိမ်ဥစ္စာ၊ ကိုယ်ကျင့်တရားပေါ်မူတည်ပြီး လူမှုအဖွဲ့အစည်းတွေဆိုတာကလည်းတစ်ခုနဲ့တခုမတူညီကြ။ချမ်းသာခြင်း၊ ဆင်းရဲခြင်းက ကိုယ်ကျင့်တရားအပေါ်မှာ မသက်ရောက်လှဘူးဆိုပေမဲ့၊ ဆင်းရဲလွန်းတဲ့ နင်းပြားတွေဘ၀ကတော့အနှိမ်ခံရရင်း၊ လောကဓံရဲ့အထုအထောင်းကိုခံရင်း ပျော်ရွှင်မှုဆိုတာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာဖွေကြရတာပေါ့။ဒီရုပ်ရှင်မှာတော့ မြို့ပေါ်က စျေးကြီးတဲ့ဆံသဆိုင်မှာ ဆံပင်ညှပ်ချင်တဲ့ကောင်လေးတစ်ယောက်။အဖေဖြစ်သူက စားဖို့တောင်မရှာနိုင်တဲ့အချိန်၊ ဆံပင်ညှပ်ခမပြောနဲ့ မြို့တက်ဖို့စရိတ်တောင်မရှိတဲ့ကောင်လေးတစ်ယောက်ရဲ့ အိပ်မက်၊ ဆင်းရဲခြင်းရဲ့ အထုအထောင်းတွေကိုဟာသနှောလို့ရိုက်ကူးတင်ဆက်ထားတာမို့ခံစားကြည့်ရှုကြပါဦး။