Abraham's Boys: A Dracula Story HD

Abraham's Boys: A Dracula Story

Horror HD 2025-07-11 4.333 89 Min

ဒီဇာတ်ကားဟာ Bram Stoker ရဲ့ Dracula ဇာတ်လမ်းနောက်ပိုင်း နှစ် ၂၀ ကာလကိုအခြေခံထားပါတယ်။အေဘရာဟမ် ဗန်ဟဲဆင်းနဲ့ ဇနီး မီနာတို့ဟာ သားနှစ်ယောက်ဖြစ်တဲ့ မက်စ်နဲ့ရူဒီတို့နဲ့အတူ အမေရိကားကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။သားနှစ်ယောက်ကို သူတို့နားသွင်းထားတာကတော့ သူတို့ရဲ့အပြုအမူတွေ စည်းကမ်းချက်တွေဟာ တစ်မိသားစုလုံးအန္တရာယ်ကင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုတာပါပဲ။ဒါပေမယ့်ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ သားကြီးဖြစ်သူ မက်စ်နဲ့ အေဘရာဟမ်ရဲ့ယုံမှားသံသယလွန်သယောင်၊ထူးဆန်းတဲ့အပြုအမူတွေကြောင့် ထိပ်တိုက်တွေ့ဖို့ဖြစ်လာသလို သူတို့ရှောင်ပုန်းခဲ့တဲ့အတိတ်ဆိုးဟာလည်း သူတို့နောက်ကိုထပ်ကြပ်လိုက်လာပါတော့တယ်။