The Pickup FHD

The Pickup

Action Comedy Crime FHD 2025-07-27 6.783 94 Min

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာEddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။Russell (Eddie Murphy)က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကားမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) နဲ့အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲစိတ်အားထက်သန်နေခဲ့ပါတယ်။ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။တစ်နေ့မှာသူတို့ရဲ့ငွေသယ်ယာဉ်ကို Zoe (Keke Palmer) ဦးဆောင်တဲ့လုယက်သူတွေက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့ကို Atlantic City မှာရှိတဲ့ကာစီနိုတစ်ခုက ဒေါ်လာသန်း ၆၀ ခိုးယူရာမှာပါဝင်ဖို့အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။Zoe ရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေကိုကာစီနိုက မတရားဆက်ဆံခဲ့တာကို လက်တုံ့ပြန်ဖို့ပဲဖြစ်ပါတယ်။Russell တစ်ယောက် ဇနီးနဲ့နှစ်ပတ်လည်အတွက်အိမ်ပြန်နိုင်မှာလား၊ Travis ကရော သူ့အိပ်မက်ဖြစ်တဲ့ရဲဖြစ်လာနိုင်မလား၊Zoe ကတော့ လက်စားချေနိုင်မှာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။