လောကဓံတွေကြား နာကျည်းမှုတွေနဲ့ ရှင်သန်နေရတဲ့ ကောင်မလေး…ငယ်စဉ်က ဖခင်ဖြစ်သူ စွန့်ပစ်မှုကြောင့် ဖခင်အပေါ် နာကျည်းနေတဲ့ ကောင်မလေး…မိခင်ဖြစ်သူအပေါ် ကိုယ်ထိလက်ရောက်ညဉ်းပန်းခဲ့တဲ့ ဖခင်ဖြစ်သူကို မုန်းတီးနေတဲ့ ကောင်မလေးတစ်ရက်မှာတော့ ကောင်မလေးဟာ ဖခင်ဖြစ်သူကို သတ်ချင်တဲ့စိတ်နဲ့အတူ မွေးရပ်မြို့ကို ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အိမ်ရောက်တဲ့အခါမှာ ထူးဆန်းစွာပဲ ဖခင်ဖြစ်သူကိုသေဆုံးလျက်တွေ့ရှိလိုက်ရတဲ့အပြင်မြို့တစ်ခုလုံးဟာလည်း မြို့ပျက်အလား ခြောက်ခြားဖွယ်ဖြစ်နေတဲ့အခါ အရာအားလုံးဟာသူမအတွက် ထူးဆန်းနေပါတော့တယ်။ထူးဆန်းမှုနောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်ရန် ကြိုးစားပြီးနောက်မှာ သူမဘာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။Midnight Sun နဲ့ပရိသတ်အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ မင်းသမီး Bella Throne မှအဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဖော်ထားပါတယ်။