နက်ဖလစ်ထွက် အင်ဒိုသရဲကားအလန်းလေးတွေမှ ကြိုက်ပါတယ်ဆိုသူတွေအတွက်ဒီနေ့ပဲ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ဒီတစ်ခါမှာတော့ သကြားစက်ရုံမှာ ကြံရာသီရောက်လာချိန်မှာ သကြားစက်ရုံကို အလုပ်လုပ်ဖို့သွားကြမဲ့အလုပ်သမားတစ်စုရဲ့အဖြစ်ဆိုးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နယ်ဘက်က သကြားစက်ရုံမှာကြံပင်တွေရိတ်သိမ်းချိန်ရောက်နေပြီဆို ရာသီအလိုက် အလုပ်သမားတွေလာခေါ်လေ့ရှိပါတယ်။ချောင်ကျကျနေရာလေးမှာ အလုပ်လုပ်ရတာဆိုပေမဲ့ နေစားငြိမ်းဖြစ်တဲ့အပြင်လုပ်ခကလည်းတခြားနေရာနဲ့ယှဉ်ရင် အတော်များတာဖြစ်လို့ ဝါတီတို့ သူငယ်ချင်းတစ်စုလည်း ကိုယ့်ရဲ့အိပ်မက်လေးတွေအမြန်ဖြည့်ဆည်းနိုင်ဖို့ မျှော်လင့်ချက်ကိုယ်စီနဲ့သွားကြတာပေါ့။ ဒါပေမဲ့ဒီသကြားစက်ရုံမှာ ထူးဆန်းတဲ့မီးလောင်မှုတွေဖြစ် လူတွေသေထားလို့ အနီးနားကလူတွေကို အလုပ်ခေါ်မရဘူးဆိုတာရယ်ဒီသကြားစက်ရုံမှာ လူမဟုတ်တဲ့ မူလနေထိုင်သူတွေရှိနေတယ်ဆိုတာကို သူတို့မသိကြတဲ့အခါမှာတော့…