American Trash HD

American Trash

Crime Drama HD 2024-09-10 5.3 115 Min

Milles လို့ခေါ်တဲ့ စစ်ပြန်တစ်ဦးရဲ့ အကြောင်းကို အဓိကထားရိုက်ကူးထားဖြစ်ပြီးတော့ သူဟာ စစ်ပွဲရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ (PTSD) တွေနဲ့ ရုန်းကန်နေရပြီး လူမှုပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်သလို ခံစားနေရသူပါ။ သူ့ရဲ့ဘဝထဲကို လွတ်လပ်ပေါ့ပါးတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားလေး Melissa ရောက်လာခြင်းက Milles ရဲ့ မှောင်မိုက်နေတဲ့ဘဝထဲက အလင်းရောင်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ Charles Manson ရဲ့ အတွေးအခေါ်တွေ၊ သဘာဝပတ်ဝန်းကျင်အပေါ်ထားတဲ့ ခံယူချက်တွေနဲ့ အချင်းချင်း နားလည်မှုရခဲ့ပြီးအချစ်ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆက်ဆံရေးက ကြာရှည်မခံလိုက်ပါဘဲ တစ်နေ့မှာတော့ Melissa ဟာ ရက်စက်စွာ အသတ်ခံလိုက်ရပြီး အမှိုက်ပုံထဲမှာ ပစ်ထားခြင်းခံခဲ့ရတဲ့အခါ ဒီအဖြစ်အပျက်ကြောင့် Milles တစ်ယောက် ပိုမိုဆိုးရွားတဲ့ စိတ်ဒဏ်ရာတွေနဲ့ နာကျင်မှုတွေ ရခဲ့ပါတယ်။Milles ဟာ Melissa ရဲ့ သေဆုံးမှုအတွက် တရားမျှတမှုရဖို့ ကြိုးစားရင်း လောကရဲ့ ဆိုးရွားတဲ့ အခြေအနေတွေ၊ လူမှုရေး ကိစ္စတွေ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒေါသတွေထွက်လာရင်း Milles ရဲ့ လက်စားချေမှုနဲ့ နာကျင်မှုတွေကြားကနေ သူ့ရဲ့လူသားဆန်မှု ဆုံးရှုံးသွားပုံကို ဖော်ပြထားပါတဲ့ ဇာတ်ကားဖြစ်ပါတယ်။