The Longest Day” (1962) ဆိုတာ ဒုတိယကမ္ဘာစစ်ရဲ့ နော်မန်ဒီဆင်းသက်ရေး (D-Day) ကို ရိုက်ပြထားတဲ့ သမိုင်းဝင်စစ်ကားပါ။ ၁၉၄၄ ခုနှစ်၊ ဇွန်လ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ကိုCornelius Ryan ရဲ့ စာအုပ်ကို အခြေခံပြီး မဟာမိတ်နဲ့ ဂျာမန်နှစ်ဖက်ရှုထောင့်ကနေ ရိုက်ကူးထားတာပါ။စစ်ဆင်ရေးမတိုင်ခင် ပြင်ဆင်မှုတွေ၊ ဗျူဟာတွေကို အသေးစိတ်ပြထားပြီးဇာတ်ကားက ၃ နာရီလောက်ကြာပါတယ်။ သရုပ်ဆောင်တွေကတော့ ထိုခေတ်ရဲ့ နာမည်ကြီးများဖြစ်တဲ့ John Wayne, Henry Fonda, Richard Burton, နဲ့ Sean Connery တို့ပါ။ ဒါရိုက်တာ၃ ဦးဖြစ်တဲ့ Ken Annakin (ဗြိတိသျှနဲ့ ပြင်သစ်ဘက်ခြမ်း), Andrew Marton (အမေရိကန်ဘက်ခြမ်း), နဲ့ Bernhard Wicki (ဂျာမန်ဘက်ခြမ်း) တို့က ပူးပေါင်းရိုက်ကူးခဲ့ပြီး Darryl F. Zanuckက ဦးဆောင် ထုတ်လုပ်ခဲ့ပါတယ်။ ဇာတ်ကားက ၁၉၆၃ အော်စကာမှာ ဆု ၅ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဓာတ်နဲ့ Visual Effects ဆုတွေ ရခဲ့ပါတယ်။ဘတ်ဂျက် ၇.၅ သန်းနဲ့ ရိုက်ထားပြီး ကမ္ဘာတဝှမ်း ၃၀.၅ သန်း ဝင်ငွေရခဲ့တာမို့ အဖြူအမည်းရုပ်ရှင်တွေထဲ ဝင်ငွေအများဆုံးဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားက သမိုင်းကို စစ်မှန်စွာပုံဖော်ထားပြီးနာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေရဲ့ ဖန်တီးမှုကြောင့် ရုပ်ရှင်ပရိသတ်တွေအတွက် ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါပဲ