ဒီဇာတ်လမ်းလေးက ဖခင်မေတ္တာနဲ့ဖခင်တစ်ယောက်ရဲ့သားတစ်ယောက်အပေါ်လွှမ်းမိုးနိုင်မှုကိုဖော်ပြပေးထားတာပါဇာတ်လမ်းကိုနာမည်ကြီးစာရးဆရာတစ်ယောက်လည်းဖြစ်စိတ်ရောဂါကုဆရာဝန်တစ်ယာက်လည်းဖြစ်တဲ့ အိုင်းစက်ဆိုဘာ ဆိုသူရဲ့ နာရေးနဲ့အစပြုထားပါတယ် အဲဒီမှာဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်ဖြစ်လာမဲ့သူ့ရဲ့သားဖြစ်သူ စိတ်ရောဂါကုဆရာဝန်ဒေါက်တာဘန်ဆိုဘာ ဟာ သူ့အတွေးနဲ့သူ အဖေဖြစ်သူကိုကြိတ်မုန်းနေခဲ့တာပါ သူဟာသူ့ဖခင်ချီးကျူးတာကိုခံချင်လို့ ဖခင်ရဲ့လမ်းစဉ်အတိုင်းလိုက်ခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ ဒေါက်တာဘန်ဆိုဘာရဲ့လူနာတစ်ယာက်ဖြစ်ခဲ့ဖူးတဲ့ မာဖီးယားဂိုဏ်းခါင်းဆောင်ပေါလ်ဗစ်တီဟာ ထောင်ကျနေခဲ့တာပါသူ့ရဲ့မာဖီးယားအလုပ်ကိုပါစွန့်လွှတ်ပြီးစိတ်မတည်ငြိမ်ဖြစ်နေခဲ့ပြီးတော့ထောင်ထဲမှာလည်းသူ့ကိုလိုက်ပြီးအသက်အန္တာရယ်ပေးနေတဲ့သူတွေရှိတဲ့အတွက် ရူးချင်ယောင်ဆာင်ရပါတော့တယ်သူဟာဆိုရင်လည်း သူ့အဖေအသတ်ခံရတာကြောင့် အသက်၁၂ နှစ်လာက်ကတည်းက လူမိုက်လောကကိုရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့သူရူးချင်ယောင်ဆောင်တာကိုလိမ်နေတယ်လို့ထင်တဲ့အတွက် ဒေါက်တာဘန်ဆိုဘာကစစ်ဆေးပေးရပါတာ့တယ် အဲ့လိုနဲ့သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းဘဝကစတင်ပါတော့တယ်ယောက်ျားရင့်မာကြီးနှစ်ယောက်လုံးဟာ ဖခင်မေတ္တာကိုမသိခဲ့ဘဲ သူတို့ကိုယ်တိုင်ဖခင်တွေဖြစ်စေချင်ခဲ့တာတွေကိုစွန့်လွှတ်ခဲ့ကြတာပါပေါလ်ကိုဘယ်သူတွေလိုက်သတ်နေတာလဲသူတို့နောက်ကွယ်မှာရောဘယ်သူတွေက ခြယ်လှယ်နေတာလဲဆိုတာကိုေတာ့ ဒီဇာတ်လမ်းလေးကိုကြည့်ပြီး အဖြေရှာလိုက်ကြပါဦးဗျဇာတ်လမ်းလေးကတော့ crimeဆန်ဆန်ကိုမှဟာသလေးနှောပြီးတင်ဆက်ထားတာကြောင့် အပျင်းပြေကြည့်ရင်တောင် အချိန်ကုန်ရကျိုးနပ်မှာပါ။