Latitude 6 HD

Latitude 6

Drama Romance HD 2015-07-23 8.3 120 Min

ဘာသာမတူပေမဲ့ နှလုံးသားချင်းနီးခဲ့သူတွေရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။တွန်ဆိုတဲ့ကောင်လေးက ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ သူတို့အလုပ်ကဘဏ်စနစ်မြှင့်တင်ရေးလုပ်ခိုင်းတဲ့အတွက် တွန်တစ်ယောက် ပြည်တွင်းရေးသိပ်မတည်ငြိမ်တဲ့ မွတ်စလင်မြို့လေးကိုရောက်လာပါတော့တယ်။အဲဒီအချိန်မှာ ဖာဆိုတဲ့ဆရာမလေးကလည်း အဖေဖြစ်သူကိုစိတ်မချလို့ ဘန်ကောက်သွားဖို့ ဖျောင့်ဖျဖို့ မြိုငယ်လေးကိုရောက်လာပြီး တွန်ရဲ့တူမလေး ဖိုင်းဖူကြောင့် သူတိုနှစ်ယောက်ဆုံဖြစ်ကြတော့တာပေါ့။တစ်ဖက်က ဖန်းဆိုကောင်မလေးကလည်း Latitude 6ဆိုတဲ့ ရေဒီယိုအသံလွှင့်ရုံလေးမှာ အလုပ်လုပ်ရင်း ရှရစ်နဲ့ကိုဆမ်ဆိုတဲ့ကောင်လေးနဲ့ ခင်မင်နေတာပေါ့။ရှရစ်ကလည်း ဖန်းကိုကြိတ်သဘောကျနေပြီး ဖန်းကတော့ ရှရစ်နဲ့ကိုဆမ်ကြား ရွေးရခက်နေတာပေါ့။ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကြားထဲ ဘာသာရေးအယူအဆမတူညီတာတွေနဲ့အနာဂတ်ဆိုတဲ့အရာတွေ ဝင်ရောက်လာချိန်မှာတော့……