Jurassic World Rebirth HD

Jurassic World Rebirth

Action Adventure Science Fiction HD 2025-07-01 6.3 134 Min

Jurassic World Domination(2022) အပြီး 5 နှစ် အကြာ timeline မှာ ဇာတ်အိမ်တည်ထားပြီး ဒီတစ်ခါမှာတော့ InGen ရဲ့ လျှို့ဝှက်သုတေသနစခန်းဟောင်းတစ်ခုဖြစ်တဲ့ကျွန်းတစ်ကျွန်းပေါ်ကိုကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ဖွဲ့ကာ လူသားမျိုးနွယ်အတွက် အသက်ကယ်ဆေးတစ်မျိုး ဖန်တီးဖို့ရန် ဒိုင်နိုဆောတွေရဲ့ မျိူးဗီဇပစ္စည်းတွေကို ရယူဖို့ ခရီးထွက်ခဲ့ကြပါတယ်သူတို့ရဲ့အဓိကမစ်ရှင်ကတော့ အကြီးဆုံးဒိုင်နိုဆောမျိုးစိတ်တွေဖြစ်ကြတဲ့ ရေနေ မိုဆာဆောရက်စ်(Mosasaurus)၊ကုန်းနေ တိုက်တန်နိုဆောရက်စ်(Titanosaurus) နဲ့ ငှက်မျိုးနွယ်ကက်တ်ဇယ်လ်ကိုအာလက်စ်(Quetzalcoatlus) တို့ဆီကနေ မျိုးဗီဇနမူနာတွေ ရယူဖို့ပဲဖြစ်ပါတယ်။ဒီလိုအန္တရာယ်များတဲ့ ခရီးစဉ်အတွင်းမှာ သူတို့အဖွဲ့ဟာ သင်္ဘောပျက်ပြီး ကျွန်းပေါ်မှာပိတ်မိနေတဲ့ အရပ်သားမိသားစုတစ်စုနဲ့ တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အဖွဲ့သားအားလုံးဟာ အသက်ရှင်သန်ဖို့အတွက် အတူတကွ ရင်ဆိုင်တိုက်ခိုက်ကြရပါတော့တယ်။ကျွန်းပေါ်မှာမျိုးဗီဇပြောင်းလဲထားတဲ့ အန္တရာယ်များတဲ့ ဒိုင်နိုဆောတွေလည်း ရှိနေတာကြောင့် သူတို့ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြီး လိုချင်တဲ့မျိုးဗီဇနမူနာတွေ ရယူသွားမလဲဆိုတာ စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။