ဒီကားလေးကတော့ ဂန္တ၀င်Indieကားလို့ပြောရင် မပါမဖြစ်ထည့်ပြောရမယ့်ကားမျိုးပါ။ဇာတ်လမ်းအကျဉ်းကိုပြောရရင် – ဘော့က သူ့မိန်းမနဲ့အတူ နောက်ထပ်အဖွဲ့သားနှစ်ယောက်နဲ့ဆေးဆိုင်တွေကနေ ဆေးတွေခိုးပြီး အသက်မွေးနေတာပါ။ မူးယစ်ဆေးတွေ ခိုးယူမှုတွေနဲ့ ပရမ်းပတာနေထိုင်ရတာမျိုးကို ဘ၀ရဲ့အလှတရားလို့ ခံစားနေထိုင်နေတာဖြစ်ပါတယ်။ဒါပေမဲ့ တဖြည်းဖြည်း ကြုံတွေ့လာရတဲ့ကိစ္စတွေက သူ့စိတ်ကိုပြောင်းလဲစေပြီး ဘော့တစ်ယောက် သူ့ဘ၀ကိုပြောင်းလဲချင်လာပါတယ်။ဒီကားလေးက သမားရိုးကျမူးယစ်ဆေးကားတွေလိုမဟုတ်ဘဲ ကာရိုက်တာတစ်ယောက်ချင်းစီရဲ့ခံယူမှုတွေ စိတ်ခံစားချက်တွေကိုအစစ်အမှန်အတိုင်း ပုံဖော်ပြနိုင်တဲ့ကားလေးပါ။ ဆုတွေလည်းအများကြီးရထားတဲ့ကားလေးမလို့ အချိန်ယုတ်စေမှာတော့မဟုတ်ပါဘူး။