ဒီတစ်ခါမှာတော့ ပရိသတ်တို့အတွက် စပိန်စကားပြောသမိုင်းနောက်ခံရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်၁၉၇၈ က ကတ်တလန်ဒေသ ဘာစီလိုနာက အဖြစ်အပျက်တစ်ခုကို အခြေပြုထားတာပါဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လိုက်ဘိုးတော်တို့လူတွေဟာအနယ်နယ်အရပ်ရပ်ကနေပြောင်းရွှေ့လာကြပြီး ဘာစီလိုနာမြို့စွန်မှာ စုနေကြရာကနေ ‘တိုရေးဘာရို’ဆိုတဲ့ရပ်ကွက်တစ်ခုပေါ်ပေါက်လာပါတယ် ရွှေ့ပြောင်းဆင်းရဲသားတွေဖြစ်တာနဲ့အညီအစိုးရအာဏာပိုင်တွေ နှိမ်တာခံခဲ့ကြရပြီး အိမ်ဆောက်ဖို့ဆိုတာတောင်မလွယ်မှန်း ဒီဇာတ်လမ်းအစမှာ ပြထားပါတယ် ဒီလိုနဲ့ အစိုးရရဲ့အလိမ်အညာတွေကိုဖော်ထုတ်တဲ့အနေနဲ့ ၇၈ မှာ ဖြစ်ခဲ့တဲ့ ဘတ်စ်ကားအပိုင်စီးမှု ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကတော့ ။ ။