Komang HD

Komang

Drama Romance HD 2025-03-31 7.667 107 Min

Indoတေးရေးတေးဆို ရမ်လာအိုဒီနဲ့ သူ့ရဲ့ဇနီးချောလေး အာဒီတို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းလေးကိုအရိုးရှင်းဆုံးသရုပ်ဖော်ထားတဲ့ Docudramaဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဘာသာမတူတဲ့လူငယ်နှစ်ယောက်ကြားက သိပ်ကိုရိုးရှင်းပြီး နူးညံ့တဲ့ အချစ်တစ်ခု ဘယ်လိုပေါက်ဖွားလာမလဲ ရှုစားကြပါဦး။Stand-up comedianပေါက်စ ရမ်လာအိုဒီဟာရည်မှန်းချက်ကြီးတဲ့လူငယ်လေးတစ်ယောက်၊သူ့အိပ်မက်ကလည်း အနုပညာရှင်ကြီးတစ်ယောက် ဖြစ်ချင်တာပါ။ဒီလိုနဲ့တစ်နေ့မှာ ရမ်လာအိုဒီတစ်ယောက် ဘာလီကနေပြောင်းလာတဲ့ ကိုမန်အာဒီဆိုတဲ့ကောင်မလေးကိုတွေ့ပြီးလူငယ်သဘောသဘာဝ စိတ်ဝင်စားမိပြီး ရင်ထဲပန်းတွေပွင့်လာတာပေါ့။ဒီလိုနဲ့ အိုဒီတစ်ယောက် အာဒီကိုပိုးပန်းရင်းနဲ့ သူတို့ကြားမှာ သံယောဇဉ်တွေတိုးလာသလို ရင်ခုန်သံတွေလည်း ပိုလို့လာတာပေါ့။အချစ်ဆိုတဲ့အရာက သိပ်ကိုလှပပေမဲ့ ဘဝကိုတစ်ခုကိုအတူတည်ဆောက်ဖို့ရည်ရွယ်ပြီဆိုရင်တော့ ဖိအားတွေဝင်လာတော့တာပေါ့။အဲဒီအပြင် တစ်ယောက်ကမွတ်စလင် တစ်ယောက်ကဟိန္ဒူ ဘာသာကလည်းမတူပြန်တော့နောင်ရေးကိုရင်လေးတာကတစ်ဖက်၊ ဘာသာခြားနေလို့ မိသားစုဖိအားတွေကတစ်ဖုံနဲ့ အခက်အခဲတွေကြားကအိုဒီက အာဒီအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ဘယ်လိုသက်သေပြခဲ့လဲဆိုတာရှုစားရအောင်ပါ။