ဒါကတော့ အချစ်ဟာသဘက်သွားတဲ့ ပုံမှန်ကျောင်းသားကားလေးတစ်ကားပါပဲ။အညွှန်းမှာ ကိုရက်ခ်ဆိုတဲ့ကောင်လေးက တစ်ကိုယ်တည်းသမားမိခင်ဖြစ်သူက ပျိုးထောင်ခံခဲ့ရတဲ့လူပျိုပေါက်အရွယ်ကောင်လေးတစ်ယောက်ပေါ့ ။ဉာဏ်ကြီးရှင်အများစုက သူများနဲ့မတူပဲ ကွဲထွက်နေတတ်တာက ဓမ္မတာဖြစ်သလို ကိုရက်ခ်ကလဲ အဲ့လိုမျိုးပဲ သင်္ချာပညာရှင်ဉာဏ်ကြီးရှင်လေးပေမဲ့ သူ့မှာအများနဲ့မတူတဲ့အပြုအမူအပြောအဆိုတွေရှိနေတယ်။အဲ့တော့ သူ့လိုကလေးမျိုးကို အသစ်ပြောင်းလာတဲ့ပတ်၀န်းကျင် ကျောင်းကလူတွေက နွေးထွေးပေးနိုင်ပါ့မလား။ပြီးတော့အဲ့ကျောင်းမှာရှိတဲ့ ငမွှေထိုးသူငယ်ချင်းအုပ်စုတစ်သိုက်နဲ့ပေါင်းမိသွားတဲ့အခါမှာရော ဘာတွေဆက်ဖြစ်မလဲ ဒါတွေကိုကြည့်ရှု့ရမှာပါ။