Untold HD

Untold

Horror HD 2025-04-30 6 107 Min

လက်ရှိအနေအထားမှာ အောင်မြင်နေတဲ့သူတွေ၊ သူ့နေရာ သူ့နယ်ပယ်မှာထိပ်တန်းရောက်နေတဲ့သူတွေဟာ အများရဲ့လေးစားအားကျမှုကိုခံရသလို ဒီနေရာကိုအလကားရောက်လာတာမဟုတ်ဘူး၊သူတို့မှာ ရင်းနှီးပေးဆပ်မှုတွေ ရှိခဲ့လိမ့်မယ်ဆိုတာတော့ အများသိကြပါလိမ့်မယ်။ဒါပေမယ့် သူတို့ပေးဆပ်ခဲ့ရတာက အချိန်လား? ကြိုးစားအားထုတ်မှုလား?ငွေကြေးလား? ဒါမှမဟုတ်..တစ်ပါးသူတွေရဲ့မျက်ရည်တွေများဖြစ်နိုင်မလား?ဗီဗီယန်ဆိုတာ ”Untold”ဆိုတဲ့နာမည်ကျော်ဖြစ်ရပ်မှန်မှတ်တမ်းအစီအစဉ်ရဲ့တင်ဆက်သူဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုအရဆုံးကတော့ (ဘိလပ်မြေလူသတ်ပွဲ) ဆိုတဲ့ ရင်နာစရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီဖော်ထုတ်မှုနဲ့အတူသူထောင်ထဲကိုထည့်ခဲ့တဲ့ အန်နက်စတိုဆိုတဲ့လူတစ်ယောက် ထောင်ဒဏ်ကိုသုံးနှစ်ပဲကျခံရပြီးအပြင်လောကကို ပြန်ရောက်လာချိန်မှာ သူကိုယ်တိုင်မေ့လျော့ထားချင်ခဲ့တဲ့အတိတ်နဲ့တစ်ဖန်ပြန်ရင်ဆိုင်ရဖို့ဖြစ်လာသလို၊သူမက်နေကျဖြစ်တဲ့ အိမ်မက်ဆိုးတွေဟာ ပိုပြီးလက်တွေ့ကျ နီးစပ်လာပြီး သူ့ပတ်ဝန်းကျင်က အမှုနဲ့ပတ်သက်သူတွေကိုပါအမှန်တကယ်ဒုက္ခပေးလာပါတော့တယ်။ဇာတ်လမ်းရဲ့လှည့်ကွက်တွေ၊ တင်ဆက်ပုံတွေတင်မက သရုပ်ဆောင်တွေကပါ ဇာတ်လမ်းကို အမှန်တကယ်သယ်ဆောင်နိုင်သလို ဖန်တီးထားတဲ့တစ္ဆေတွေရဲ့သဏ္ဍာန်တွေကလည်း အသည်းယားစရာ ရင်ထိတ်စရာကောင်းပြီးခြောက်ခြားစရာပါ။အားနည်းချက်တစ်ချို့ရှိပေမယ့်ဖိလစ်ပိုင်ဟော်ရာထဲမှာဆိုရင်ကြည့်ပျော်တဲ့အဆင့်ထက်အများကြီးပိုတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။