နာမည်ကြီးသိုင်းဆရာကြီးရဲ့ သားဖြစ်တဲ့ ထုန်ဒီတစ်ယောက် လက်ဝှေ့ပညာကို သင်ယူချင်ပေမဲ့ ဖခင်ဖြစ်သူကတော့ ဘုန်းတော်ကြီးကျောင်းမှာပဲ စာသင်စေချင်ခဲ့ပါတယ်။ထုန်ဒီတစ်ယောက်လက်ဝှေ့သင်ချင်ရတာကတော့ အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ ချတ်က သူ့နောက်လိုက်တွေနဲ့အတူ သူ့ကို အနိုင်ကျင့်လို့ပဲဖြစ်ပါတယ်။အသက်တွေ ကြီးလာတဲ့အချိန်မှာတော့ လက်ဝှေ့ပညာကို ဝါသနာထုံတဲ့ ထုန်ဒီတစ်ယောက် ဆရာနဲ့ သေချာ မလေ့ကျင့်ထားတဲ့အတွက် သူဟာ တိုက်နိုင်စွမ်းတော့ရှိပေမဲ့လိုအပ်နေပါသေးတယ်။ဒီလိုနဲ့ ထုန်ဒီတစ်ယောက် လက်ဝှေ့ပညာမှာ ကျွမ်းကျင်ဖို့အတွက် ဆရာရှာခရီးထွက်ပါတော့တယ်။ သူ့ကိုငယ်စဉ်အခါတည်းက ရန်ငြိုးထားတတ်တဲ့အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူ ချတ်နဲ့ရော ဘယ်လိုတွေ ဖြစ်ကြဦးမလဲ ………..ဆရာရှာပုံတော်ခရီးမှာရော ဘယ်လို သူငယ်ချင်းကောင်းတွေနဲ့ တွေ့လာရမလဲ ….. ဆိုတာကို ကြည့်ရှုရမဲ့အက်ရှင်ဒရာမာကားဖြစ်ပါတယ်။