Hot Milk HD

Hot Milk

Drama HD 2025-05-28 6.024 93 Min

Hot Milk ရုပ်ရှင်ကတော့ Deborah Levy ရဲ့ နာမည်ကျော်ဝတ္ထုကို Rebecca Lenkiewicz က ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်ထူးဆန်းတဲ့ရောဂါဝေဒနာတစ်မျိုးကိုခံစားနေရတဲ့မိခင်တစ်ဦးဖြစ်တဲ့ Rose နဲ့ သူ့သမီး Sofia တို့ဟာ စပိန်ကမ်းခြေတစ်ခုသို့ ဆေးကုသမှုခံယူဖို့ ခရီးထွက်လာကြပြီးခရီးတစ်လျှောက်မှာ Sofiaက ထိန်းချုပ်လွန်းတဲ့မိခင်နဲ့ဝေးကွာတဲ့တခြားကမ္ဘာတစ်ဖက်ကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။မိခင်၏ကျန်းမာရေးအတွက် ပညာရေးနှင့် ဘဝကို ယာယီရပ်နားထားရသော လူငယ်မိန်းကလေးSofia နဲ့ လှုပ်ရှားမရဖြစ်နေတဲ့ မိခင်တစ်ယောက်အနေနဲ့သူ့ရောဂါက ရုပ်ပိုင်းဆိုင်ရာလား စိတ်ပိုင်းဆိုင်ရာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိတဲ့ Rose တို့နှစ်ဉီးရဲ့ဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ မိသားစုဆက်ဆံရေးလိင်စိတ်ဆန္ဒနဲ့ ကိုယ်ပိုင်လွတ်လပ်မှုအတွက် မိန်းမငယ်လေးတစ်ယောက်ရဲ့စူးစမ်းမှုတွေပါဝင်ပြီး ရုပ်ရှင်ရဲ့ အလှပဆုံးအချက်ကမြေထဲပင်လယ်ရဲ့နေရောင်ခြည်နဲ့ ပင်လယ်ပြင်ကိုရိုက်ကူးထားတဲ့ အလွန်လှပသော ရုပ်ပုံတွေပါဝင်တာဖြစ်ပါတယ်။Hot Milk ရုပ်ရှင်ဟာ မိသားစုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေနဲ့ လူတစ်ဦး၏ ကိုယ်ပိုင်လွတ်လပ်မှုအတွက် ရှာဖွေမှုတွေကိုစူးစမ်းထားတဲ့ အနုပညာဆန်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။