ဒီဇာတ်ကားကို ၂၀၂၄ မေလ ၂၂ ရက်မှာ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးပြသခဲ့ပြီး၊ ၂၀၂၅ ဧပြီလ ၄ ရက်မှာ အမေရိကမှာ ရုံတင်ပြသခဲ့ပါတယ်။ဒီဇာတ်ကားဟာ IMDb မှာ 5.7/10 နဲ့ RottenTomatoes မှာ ဝေဖန်သူအဆင့်သတ်မှတ်ချက် 78% ရရှိထားပါတယ်။ဝေဖန်သူတွေက ဇာတ်ကားရဲ့ ၁၆ မီလီမီတာ ဖလင်နဲ့ ရိုက်ကူးထားတဲ့ ဂရမ်မီဆန်တဲ့ အမြင်အာရုံ၊ Ariella Mastroianni ရဲ့ စွဲမက်ဖွယ်သရုပ်ဆောင်မှုနဲ့အငွေ့အသက်ကိုချီးကျူးထားကြပါတယ်။ဖရန်ကီဟာ Dyschronometria လို့ခေါ်တဲ့ဦးနှောက်ရောဂါရှိနေတာပါ။Dyschronometria ဆိုတာက ဦးနှောက်ရဲ့ နောက်ဖက်ပိုင်းထိခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အချိန်ရဲ့ကြာချိန်ကို တိတိကျကျ ခန့်မှန်းနိုင်စွမ်းမရှိတာကို ဆိုလိုပါတယ်။သူဟာ အဲဒီဦးနှောက်ရောဂါနဲ့ နေ့စဉ်ဘဝမှာ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်သူဟာ ကိုယ့်ကိုကိုယ် မှတ်တမ်းတင်ထားတဲ့ ကက်ဆက်တိတ်ခွေတွေကို အသုံးပြုပြီး အချိန်နဲ့ လက်တွေ့ဘဝကို ကိုက်ညီအောင်ကြိုးစားနေရသူပါ။သမီးဖြစ်သူ စင်သီယာကိုပြန်လည်စောင့်ရှောက်နိုင်ငွေကြေးလိုအပ်နေတဲ့ ဖရန်ကီဟာ ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးဆီက အန္တရာယ်များပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အလုပ်တစ်ခုကို လက်ခံလိုက်တဲ့အခါမှာ….