ဒီတစ်ခေါက်မှာ မိသားစု၊ဟာသ၊ရသ ပေးနိုင်တဲ့ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ဆောင်မင်းသား ရမ် သူ့အမေနှင့်နှစ်ယောက်တည်းနေထိုင်ကြပြီး အမေဖြစ်သူအလုပ်အလွန်အကျွံလုပ်သောကြောင့် ရုတ်တရက်သေဆုံးခဲ့ရပါတယ် ။သူ့အမေကိုသာ ဘဝတစ်ခုလုံးဟုမှတ်ယူထားသော ရမ်ရဲ့ဘဝ ရည်မှန်းချက်တွေပျက်စီးခဲ့ရပါတယ်။နောက်မကြာခင်မှာသူ့အမေဖြစ်စေချင်တဲ့ ရည်မှန်းချက်တွေနောက်လိုက်ရင်းရုပ်ရှင်တွေကိုမုန်းတီးတဲ့ရမ်တစ်ယောက် ရုပ်ရှင်ရူးသွပ်သူဆတ်တယာဘာမာနဲ့တွေ့ဆုံခဲ့ပြီး ပျော်ရွှင်မှုတွေပြန်လည်စတင်ပေါ်ပေါက်လာပါတယ်။ဘာတွေပဲဖြစ်နေဖြစ်နေ ရမ်ရဲ့အတိတ်က အချစ်ရေးဒဏ်တွေ မိခင်ဆုံးရှုံးခဲ့ရတဲ့ဒဏ်တွေကြောင့် ရမ် ကောင်းစွာမပျော်ရွှင်နိုင်ခဲ့ပါဘူး။ဒါတွေကို ရမ် ဆတ်တယာဘာမာနဲ့အတူ ဘယ်လိုတွေကျော်ဖြတ်ကြမလဲ။ရုပ်ရှင်မုန်းတီးသူ ရမ်တစ်ယောက် သူ့အမေဖြစ်စေချင်တဲ့ အောင်မြင်တဲ့ဒါရိုက်တာတစ်ယောက်ရော ဖြစ်လာနိုင်မလား။အတိတ်ကဒဏ်ရာတွေကိုရော ရမ်ဘယ်လိုကုစားပြီး ပျော်ရွှင်စွာနေထိုင်သွားမလဲဆိုတာ ကြည့်ရှုပေးပါဦး