Jab We Met HD

Jab We Met

Comedy Drama Romance HD 2007-10-26 7.3 138 Min

ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ တချိန်က တော်တော်လေးအောင်မြင်ခဲ့တဲ့ အချစ်ဟာသရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းလေးကို စီအမ်ပရိသတ်တို့အတွက် တဖန်ပြန်လည် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ အာဒီတရာဟာ ချမ်းသာပေမဲ့ မိစုံဖစုံကြီးပြင်းခွင့်မရခဲ့တဲ့ broken family က ကောင်လေးတစ်ယောက်ပါ။မိစုံဖစုံကြီးပြင်းခွင့်မရခဲ့အတဲ့အတွက် အချစ်ကို အစွဲအလန်းကြီးပြီး ချစ်သူကောင်မလေးကိုလည်း သိပ်ချစ်တဲ့သူပေါ့။ဒါပေမဲ့ အာဒီတရာဟာ သူချစ်ရတဲ့ချစ်သူကောင်မလေးက သူ့ကိုထားသွားတဲ့အတွက် ဘဝကိုအဆုံးသတ်ဖို့တွေးပြီး ခြေဦးတည့်ရာလျှောက်သွားရာကနေ ဘူတာတစ်ခုကို ရောက်သွားခဲ့ပါတယ်။ အဲဒီဘူတာမှာ ရည်းစားနဲ့ခိုးပြေးဖို့ တစ်ယောက်တည်းခရီးထွက်လာရင်း ရထားလွဲသွားတဲ့ စပ်စလူးစိန်ကောင်မလေးတစ်ယောက်နဲ့ အာဒီတရာ မတော်တဆတွေ့ရာကနေ ခရီးဖော်တွေဖြစ်လာတဲ့အခါမှာတော့…။