ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Masaharu Fukuyama ပါဝင်သရုပ်ဆောင်ထားတဲ့မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ရိုတ (Masaharu Fukuyama) အလုပ်အကိုင်ကောင်းကောင်းရယ် ဇနီးချောလေးအပြင်သားလေးတစ်ယောက်ပါ ပိုင်ဆိုင်ထားပါတယ်။သူ့သားကို သူ့ခြေရာနင်းစေချင်ပြီး အမြဲစည်းကမ်းတကျထားတဲ့ ရိုတကို .. တစ်နေ့မှာတော့သူ့သားက ကလေးချင်း လဲခံထားရတယ်ဆိုတာကို ဆေးရုံကနေ အကြောင်းကြားလာပါတော့တယ်။၆နှစ်တာလုံးလုံး သူ့သားအရင်းအနေနဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ကလေးဟာသူ့သွေးသားမဟုတ်မှန်းသိလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။သားအရင်းရယ် သားအရင်းကို မွေးစားထားတဲ့ မိသားစုရယ်နဲ့ပါ တွေ့ဆုံဆွေးနွေးပြီး နေရာမှန်ပြန်ဖြစ်အောင် ကလေးချင်းပြန်လဲဖို့ လိုလာတဲ့အခါမှာတော့ ဘာကိုရွေးချယ်ကြမလဲ…ဆိုတာကိုခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။rating ကလည်း ကောင်းတာမိုလို့ တစ်ခါလောက်တော့ ကြည့်ကြည့်ဖို့ cm ပရိသတ်ကြီးကိုတိုက်တွန်းလိုက်ပါတယ်နော် .. ။