ဒေါက်တာ Nik Jason ဟာ စိတ်ရောဂါကု ဆရာဝန် တစ်ယောက်ဖြစ်ပြီး သူ့မှာ Jenna လို့ ခေါ်တဲ့ လေယာဥ်မယ် ချစ်သူလေး ရှိပါတယ်။ တစ်နေ့ သူ့ဆီကို Elenore လို့ ခေါ်တဲ့စုန်းမတစ်ယောက် ရောက်လာပြီး ဆွဲဆောင်ဖို့ ကြိုးစားပါတယ်။ Nik က ငြင်းလိုက်တဲ့အခါမှာ စုန်းမ Elenoreဟာ စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားခဲ့ပါတယ်။Nik ရဲ့ လူနာတွေလည်း သူနဲ့ဆွေးနွေးမှု ခံယူပြီး မကြာခင် ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားကြပါတယ်။ မကြာခင်မှာ မြေအောက်လောကရဲ့ အမှောင်သခင် Lucifer ပေါ်လာပြီး Jenna ကို ဖမ်းခေါ်သွားတဲ့အခါမှာ Nikတစ်ယောက် Jenna ကို Lucifer လက်ကနေ ကယ်ဖို့ ကြိုးစားရပါတော့တယ်။