ကတ်တီလာဆိုတဲ့ရွာလေးမှာက လူပျောက်တာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ နီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က အချစ်ရေးမှာ ဖောက်ပြန်ခံရပြီး စိတ်ကျန်းမာရေးအတွက်Therapist တစ်ယောက်နဲ့ကုသနေရပါတယ်။ တစ်နေ့မှာတော့ သူ့ဆရာဝန်အကြံပြုတဲ့အတိုင်း တိတ်ဆိတ်တဲ့ ဘသာဝပတ်ဝန်းကျင်မှာ အပန်းဖြေခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။အဲ့လိုနဲ့ သူ့သူငယ်ချင်းဆူဗီနဲ့ ကတ်တီလာဆိုတဲ့ရွာကလေးမှာ အပန်းဖြေဖို့ရောက်လာခဲ့ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သဲထိတ်ရင်ဖိုကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။ WrongTurn လိုဇာတ်ကားမျိုးကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ဖင်လန်နိုင်ငံကဟော်ရာဇာတ်ကားတစ်ကားပါပဲ။