The Book Club Murders FHD

The Book Club Murders

Thriller TV Movie FHD 2024-10-03 8.3 90 Min

မင်နီဆိုတာပြည်နယ်၊ ဒူလတ်မြို့ရဲ့ ငြိမ်းချမ်းတဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နာတာလီ ဂျွန်စတန်ဟာ သူရဲ့ အိမ်မီးလောင်ပျက်စီးပြီး ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့တဲ့စိတ်ဒဏ်ရာကို ကျော်လွှားဖို့ကြိုးစားရင်း ဒေသခံစာအုပ်ဆိုင်မှာ စာဖတ်ကလပ်တစ်ခုမှာ ပါဝင်ခဲ့တယ်။ဒီစာဖတ်ကလပ်ဟာ စာအုပ်အကြောင်းတွေကို ဆွေးနွေးရင်း ဝိုင်သောက်ကြတဲ့ သာမန်ကလပ်တစ်ခုလို့ ထင်ရပေမယ့် မကြာခင်မှာပဲ အဖွဲ့ဝင်တွေဆီကို “Aletheia” လို့အမည်တပ်ထားတဲ့ဘာကမှန်းမသိတဲ့ စာရေးသူဆီက ခြိမ်းခြောက်စာတွေ ရောက်လာတယ်။အဲဒီလိုနဲ့ နောက်တစ်ရက်မှာ စာအုပ်ကလပ်အဖွဲ့ဝင်တစ်ယောက်က လျှိုဝှက်ချက်တစ်ခု ဖော်ထုတ်ခံရတဲ့အပြင်အသတ်ခံလိုက်ရတဲ့အခါမှာတော့….စာဖတ်ကလပ်ထဲက တစ်ဦးဦးက သူတို့ရဲ့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ လူသတ်မှုကို ကျူးလွန်နေတာလား ဒါမှမဟုတ် အပြင်က တစ်စုံတစ်ယောက်ကသူတို့ရဲ့ အတိတ်ကို လက်စားချေဖို့ပစ်မှတ်ထားတာလားဆိုတဲ့ စိတ်ဝင်စားစရာအခိုက်အတန့်တွေနဲ့ ကြည့်ရှုသူတွေကို အဆုံးထိ ဆွဲခေါ်သွားမယ့် ဇာတ်ကားမျိုးပါပဲ။