The Age of Shadows HD

The Age of Shadows

Action Thriller HD 2016-09-07 7.2 140 Min

ဂျပန် ရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျိုဆွန်းနိုင်ငံသား ရဲမှူး အီဂျောင်ချူး (Song Gang Ho)ဟာ |တစ်ချိန်တုန်းက အမိ‌မြေရဲ့ တော်လှန်ရေးတပ်ဖွဲ့ကို သစ္စာဖောက်ကာ ထိပ်တန်း ရာထူး ရရှိလာခဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်း ဒုရဲချုပ် ဟီဂါရှီရဲ့ အမိန့်အရ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့ အတွက် တော်လှန်‌ရေးတပ်ဖွဲ့ရဲ့ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ဂင်အူဂျင်း (GongYoo)ဆီကို ချည်းကပ်လာခဲ့ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် အတွင်းစိတ် ရည်ရွယ်ချက် အမှန်ကို သိနေကြပေမဲ့၊ ရှေ့တင်မှာတော့ ဟန်မပျက်သရုပ်ဆောင် နေကြတဲ့ အီဂျောင်ချူးနဲ့ဂင်အူဂျင်းတို့ဟာ အချင်းချင်း သတင်းနှိုက်ဖို့ ကြိုးစားရင်း မသိစိတ်ကနေ ရင်းနှီးလာခဲ့ကြပါတော့တယ်။ဖောက်ခွဲရေး ပစ္စည်းတွေ သယ်ဆောင်တဲ့ စစ်ဆင်ရေး လုပ်နေစဉ် အတွင်းမှာပဲဂျပန်ရဲဌာန အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက် တွေ့ဆုံလာကြတဲ့အခါ ဒီစစ်ဆင်ရေး အောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှူစားပေးကြပါဦးနော်။