Romcom အရသာကို သတိရနေတဲ့လူတွေအတွက်ဒီကားကတော့ ရှယ်ပါပဲ အရှေ့မှာလည်းသူ့ရဲ့ prequel ထွက်ထားတယ်ပေါ့နော်။အဲဒီကားမှာတော့ သူ့ အကိုအကြောင်းကိုရိုက်ထားတာဖြစ်ပြီး ဒီကားထဲမှာတော့သူ့ရဲ့ညီမလေးဖြစ်တဲ့ KiKi ရဲ့ အချစ်ဇာတ်လမ်းလေးပေါ။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ KiKiက သူ့အမ Jenna ရဲ့ မင်္ဂလာဆောင်မှာအစားအသောက်ပိုင်းကို လုံးဝတာဝန်ယူလိုက်ပါတယ်ဒါပေမယ့်လူအယောက်တစ်ရာကိုကျွေးရတာဆိုတော့သူစပြီးတော့ ခေါင်းပူပြီပေါ့နော်။ဒါပေမယ့် Jennaရဲ့ယောကျာ်းလောင်းလေး Andrew ရဲ့ သူငယ်ချင်း Clayလေးနဲ့ ဆုံပါတော့တယ်ခေါင်းမာတဲ့ KiKi ကို Clayကလည်းကူညီဖို့လုပ်ရင်း သူတို့အချစ်ဇာတ်လမ်းလေးကို ကြည့်ရမှာဖြစ်ပါတယ်။ ဒါအပြင်သူတို့မိသားစုအချင်းချင်း ချစ်ကြတာကိုလည်း ကြည့်ရမှာပါ။