ပါဘလိုနဲ့ သူ့ ညီမ အာပိုလင်းတို့ဟာ ဒါ့ခ်နွန်းလို့ခေါ်တဲ့ MMORPG ဂိမ်းတစ်ခုမှာ အမြဲတမ်းအတူဆော့ရင်း အချိန်ဖြုန်းခဲ့ကြတဲ့မောင်နှမဖြစ်ပါတယ်။မိခင်ကလည်းမရှိဖခင်ကလည်းအဝေးရောက်နေတဲ့အလျောက် တထစ်ရှိရင် အစ်ကိုကပဲ နှမဖြစ်သူကို ကြည့်ပေးရတာပါ။နောက်ပိုင်းမှာတော့ ပါဘလိုနိုက်ထ်ဆိုတဲ့သူနဲ့ စသိလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပါဘလိုဟာနိုက်ထ်နဲ့အတူပေါင်းပြီး ကိုယ်တိုင်လုပ် မူးယစ်ဆေးတွေကို စဖြန့်ခဲ့ပါတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အခြားဂိုဏ်းတစ်ခုနဲ့ အရှုပ်အရှင်းဖြစ်သွားတဲ့အခါမှာတော့ ပါဘလိုဟာထောင်ထဲရောက်သွားပြီး သူ့ညီမ အာပိုလင်းဟာလည်း အရင်ဘဝကို ပြန်မရနိုင်ဘဲဖြစ်သွားပါတော့တယ်။