ရိုမန်းနီးယား အမျိုးသမီးကြီး ကလဲရာ က အိမ်ထောင်ကွဲပြီး သူမရဲ့ ဒန်းညုမြစ်ကမ်းကျေးရွာကို စွန့်ခွါပြီး ဂျာမနီနိုင်ငံကို ကလေးထိန်းအဖြစ် အလုပ်လုပ်ဖို့ ထွက်ခွါခဲ့တယ်ဂျာမန်ကလေးမလေးကို နွေးထွေးစွာ ပြုစုနေပေမဲ့ သူမရဲ့ ကလေးဖြစ်သူကိုတော့ အဘိုးဖြစ်သူနဲ့ ထားခဲ့ရတယ်။ကလေးဖြစ်သူက အမေမှ စွန့်ခွါသွားတယ်လို့ ခံစားရပြီးမြစ်ကြောတလျှောက်လှေနဲ့ အမေကို ရှာပါတော့တယ်။ဒီအချက်က ကလဲရာကို အိမ်ပြန်ဖို့ ဖိအားပေးလိုက်ကာ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ဝမ်းနည်းစရာအဖြစ်မှန် တွေကိုမြင်တွေ့ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။