ဇာတ်လမ်းအကျဉ်းကတော့ – နစ်က ဘေ့စ်ဘောကစားသမားဟောင်းတစ်ယောက်ပါ။မနှစ်က ဟောလိုး၀င်းမှာ ကလေးတစ်ယောက်ကိုကားတိုက်ပြေးမိပြီးတောထဲမှာအလောင်းဖျောက်လိုက်ပါတယ်။ ဒီနှစ်လည်း ဟောလိုး၀င်း နီးလာတဲ့အချိန်မှာ ဖရုံသီးတစ်လုံးနဲ့အတူ တခြားအမြင်အာရုံတွေမြင်လာပါတယ်။ အဲဒါက သူ့ရဲ့အပြစ်အတွက်လိပ်ပြာမလုံတဲ့စိတ်ကြောင့် ထင်ယောင်ထင်မှားဖြစ်တာလို့ နစ်ထင်ခဲ့ပေမဲ့ တခြားအရာတစ်ခုကနေ သူ့ကိုအမှားပြင်ဖို့အခွင့်အရေးပေးနေတာဆိုတာ သူသိမြင်လာတဲ့အခါနစ်ဘယ်လိုရွေးချယ်မလဲ ကြည့်ရှုရမှာပါ။