40 Acres HD

40 Acres

Action Drama Thriller Science Fiction HD 2025-07-02 5.978 113 Min

ကပ်ရောဂါဆိုးကြီးဖြစ်ပြီးနောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ မြေဆီလွှာတွေပျက်စီး ရောဂါပိုးမွှားတွေကပ်ပြီး စိုက်ပျိုးသီးနှံတွေခေါင်းပါးလာပါတယ်။အခုလိုစားသောက်ကုန်ကြမ်းတွေလျော့ပါးလာတဲ့အလျောက် အစားအသောက်တွေလည်း ရှားပါးလာပြီး ကမ္ဘာကြီးဟာ ယိုယွင်းလာပြီး လူတွေဟာ သမိုင်းဦးဘုံမြေက လူရိုင်းတွေလိုမျိုးအသိစိတ်မရှိတော့တဲ့အထိဖြစ်လာပါတယ်။ကြီးနိုင်ငယ်ညှင်းဆိုတဲ့အတိုင်း အားကြီးတဲ့ယောက်ျားသားတွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တွေဟာ အားနည်းတဲ့အမျိုးသမီးအများစုနဲ့ဖွဲ့စည်းထားတဲ့မိးသားစုတွေကို အမဲလိုက်ပြီး “သေရင်မြေကြီး ရှင်ရင်ရွှေထီး” လိုတောင်မဟုတ်တော့ဘဲ သေရင်တောင် အလောင်းမကျန်တဲ့အထိသတ်ဖြတ်စားသောက်ခံကြရတာပါ။ဒီလိုနဲ့ပဲ ပုံမှန်အသိစိတ်ရှိတဲ့လူတွေမှာ လူနည်းစုလောက်ပဲရှင်သန်ပြီး သူတို့အတွက် ကောက်ပဲသီးနှံအထွက်တိုးတဲ့ လယ်ယာစိုက်ခင်းတွေကပဲသူတို့အသက်ဖြစ်လာကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်တွင်းစုတုန်းက ကနေဒါကိုပြောင်းရွေ့လာတဲ့မျိုးဆက်ကနေဆင်းသက်လာတဲ့ လူမည်းကနေဒီယန်မိသားစုတစ်စုဟာရှင်ကျန်နေတဲ့ လူနည်းစုအဖွဲ့တွေကို လိုက်လံဖမ်းဆီးစားသောက်နေတဲ့ ဇာတ်တူသားစားလူဆိုးတွေကဆီကနေ တွန်းလှန်ကာကွယ်ပုံကို ဒရာမာဆန်ဆန်အက်ရှင်အပြည့်နဲ့တွေ့ရမှာပဲဖြစ်ပါတယ်။