Kidnapped Soul HD

Kidnapped Soul

Horror Thriller HD 2021-05-14 1.5 90 Min

ဒီတစ်ခေါက်မှာတော့ rainie ရဲ့ ထိုင်ဝမ်ကားကောင်းလေးကိုချစ်ရပါသော ပရိသတ်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်လမ်းလေးက သည်းထိတ်ရင်ဖိုကြိုက်တဲ့သူတွေအတွက်လိုဆိုနိုင်သလို အားကြီးနဲ့ မိုးနဲ့အတငိုချချင်သူတွေအတွက်လည်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါနော်….ဒီဇာတ်လမ်းလေးကKidnapped Soul ဆိုတဲ့ နာမည်လေးအတိုင်းပါပဲ…ပြန်ပေးဆွဲခံရတဲ့ကလေးလေး ၂ ယောက်အကြောင်းပေါ့…တစ်ယောက်က ဖုံဖုံ တစ်ယောက် သောသောတဲ့ဇာတ်လမ်းလေးအကျဉ်းလေး ပိစိလေးပြောရမယ်ဆိုရင်…ရဲမှူးကျီခိုင်က အမည်မဖော်နိုင်တဲ့ကလေးအလောင်းသေတ္တာကွင်းဆက်အမှုကို တာဝန်အရ စုံစမ်းနေချိန်မှာပဲသူ့အစ်မဖြစ်သူ မူလတန်းဆရာမမိန်ကျိန်းရဲ့သမီးလေးလည်း အလားတူ ပုံစံနဲ့ ပြန်ပေးဆွဲခံခဲ့ရပါတယ်။အမှုလိုက်နေတဲ့အချိန် သဲလွန်စအရ မိန်ကျိန်းရဲ့အိမ်နီးနားချင်းဟောင်းဖြစ်တဲ့ မင်းချန်နဲ့ ဟွေ့လန်တိုနဲ့ဆုံတွေ့ချိန်မှာတော့ သူတိုရဲ့ သမီးလေးဟာလည်းပျောက်ဆုံးနေတာ တစ်နှစ်ရှိပြီဆိုတာ သိခဲ့ရပါတယ်။ရှုပ်ထွေးပြီး သဲလွန်စပျောက်တဲ့ အမှုကိုလိုက်ဖို့လမ်းစရှာမရတဲ့အဆုံး ကျီခိုင်ဟာ ထူးထူးဆန်းဆန်းနဲ့၂၁ ရာစုထဲမှာ အမှုမှန်ပေါ်ဖိုအတွက်နတ်ကတော်ကျိန်းပိုင်ရှီကိုပဲ အကူအညီတောင်းရပါတော့တယ်။ကဲကဲ… ဝိညာဉ်တွေအကူအညီသုံးရင်းအမှန်တရားကိုဖော်ထုတ်နိုင်မလားဆိုတာရယ်…ပြန်ပေးဆွဲခံရတဲ့ ကလေး ကိုပြန်ကယ်တင်နိုင်မှာလား…ဇာတ်လမ်းအစက ကလေးအလောင်းက ဘယ်သူဖြစ်မှာလဲ…ပြန်ပေးဆွဲခံရချင်းတူပေမယ့် ကလေးနှစ်ယောက်ရဲ့အဆုံးသတ်တူပါ့မလား ဆိုတာကို မိုးအေးအေးစောင်လေးကွေးပြီး ဒေါင်းကြည့်နေတဲ့ CM ချစ်ပရိသတ်တို့တစ်ယောက်တည်းအိမ်မှာရှိရင် တံခါးဖွင့်ဖို ကြောက်မသွားကြနဲ့နော်…